Sunday, November 4, 2012

ဘာမှမဟုတ်တာတွေကလည်း တစ်ခုခုတော့ဟုတ်နေ မှာ/တာ ပဲ



ကြိုးပေါ်ကြွက်လျှောက်သံလေ

နတ်စောင်းသံလောက်တော့ ဘယ်နားဝင်ချိုလိမ့်မလဲနော

နားလည်ဖို့မလိုဘူး နားလည်ပေးတတ်ဖို့ပဲလိုတယ် (ဆိုလား) 

အလာကြီးပဲ စရိုက်က

စိတ်ဓာတ်လေးကိုပြတယ်

ဆိုတော့ သိရတာပေါ့ 

ဂျပိုးလည်း လိပ်ဖြစ်လို့ရတာပဲ မဟုတ်လား

စကား

ကားကားလေးနဲ့စွင့်စွင့်လေးမှ လွှတ်လှတာ

လှတာ မက်ရင် လှတာလေး နဲ့ ညက်တတ်ပါတယ် chat

check ကြည့်ပါ

ဘာခက်တာမှတ်လို့

ညစာကို မနက်စာနဲ့ပေါင်းမှတ်ထားလိုက်လို့လည်းဖြစ်တာပဲ ၀မ်းစာ

တစ်ထွာတစ်မိုက်ကလေးနဲ့ လာ လာ မတိုင်းချင်စမ်းပါနဲ့ ဆို

ပြီး ဘယ်လို ရာဇ၀င်တွေရိုင်းကုန်ပြီ ဟုတ်လား ခက်ပြီ

ဘယ်မှာရိုင်းလို့လဲ  ယဉ်ယဉ်လေးပဲရူးနေတာ လွမ်းနာ

အလွမ်းကြောင့်နာရတာလား လွမ်းပြီးရင် နာရမှာလား

မေးခွန်းကမပြတ်သားလို့ ဆေးမတိုးတော့ဘူး ( တဲ့ )

သူက

သွားတော့မှာလေ  မုန်းမုန်းမေ့မေ့

တငွေ့ငွေ့လောင်တဲ့မီးပဲ တရွေ့ရွေ့ပွားတယ် (ဆိုသကိုး)

အေ့ ဂေ့ ဟေ့ ငါ့ပုလင်းကိုဘယ်ကောင်လာမီးညှိသွားတာလဲ

ပူတယ် ရန်ကုန်ဆောင်းက မအေးဘူး ဆိုတာ

သေချာသွားပြီ  သေချာပါတယ်

ဘယ်သူမှမရှိလဲဖြစ်တယ်လို့  သွေးရိုးသားရိုး အလိမ်ရဲလိုက်ပုံမှာ

စကား

လွှတ်လှ  ။      ။

1 comment:

  1. မိုက်တယ်ဟ နောက်တစ်ခေါက်ဖတ်ခဲ့တယ်

    ReplyDelete