အက်ရှ်လေ!!!
ငါတော့မင့်လိုလေနေပြီ ။ သည်ရက်ပိုင်းအတွင်း ဘာမှမလုပ်ချင်ဘူး ။ ဆိုတော့ ဘာမှမလုပ်ဖြစ်ဘူး ။
ဆိုပေမယ့် ငါစကားတွေအများကြီးပြောဖြစ်တယ် ။
ဒီမိုကရေစီ ၊ ရွေးကောက်ပွဲ ၊ ဆန်ရှင် ၊ လူ့အခွင့်အရေး ၊ လူတန်းစေ့နေနိုင်ရေး ၊ သမ္မတကြီး ၊ NLD ၊
ကြံ့ဖွံ့ ၊ စသဖြင့် ဘာညာသာရကာတွေ ရေပက်မ၀င်အောင်ပြောဖြစ်တယ် ။
စိတ်ကူးပေါက်လာတာနဲ့ ငါ့အခြေခံဥပဒေကို ငါကိုယ်တိုင်ရေးကြည့်ဆွဲလိုက်တာ(စိတ်ကူးထဲမှာ)
ထင်သလောက် လှမလာဘူး ။ ကမောက်ကမ ။
ငါကငါမဟုတ်တဲ့သူတွေနဲ့အံမ၀င်ခဲ့ဘူး(ငါဆွဲတဲ့ငါ့အခြေခံဥပဒေထဲမှာ) ။
စိတ်ပျက်စွာနဲ့ပဲ အဲ့သည်စိတ်ကူးကို လုံးချေလွှင့်ပစ်ခဲ့တယ် ။
ဒါဟာ ငါ့ရဲ့အောင်မြင်မှုပေါ့လို့ ငါဝတ်တစ်စလစ်ကြွေးကြော်မိတာ မင်းသိရင် ရယ်မလား ။
မရယ်နဲ့ အက်ရှ်လေ !!!
မင်းလည်းငါ့လို ရေးဆွဲကြည့်လေ ။ မင်းတစ်ယောက်တည်းရေးဆွဲမယ့် မင့်အတွက်
မင့်ရဲ့အခြေခံဥပဒေဟာလည်း မင်းမဟုတ်တဲ့ငါတို့နဲ့ ပနံသင့်လာမှာမဟုတ်ဘူး ။
အဲ့သည်အခါ မင်းလည်း မင့်ရဲ့စိတ်ကူးကို လုံးချေလွှင့်ပစ်နိုင်အောင်လေ့ကျင့်ထားပါ ။
ဒါဟာ ငါ့ရဲ့အောင်မြင်မှုပေါ့လို့ ၀တ်တစ်စလစ်ကြွေးကြော်ပါ ။ ငါ့လိုပဲ ။
ဟားဟားဟား ။
ရယ်ရတယ်မို့လား အက်ရှ်လေ ။
ငါတို့ဟာ ရူးသွပ်မိုက်မဲလွန်းသူတွေပဲ ။
ငါတို့ဟာ မျက်စိတစ်ဆုံးရဲ့ဟိုဘက်မှာ ဘာတွေရှိနိုင်လဲ ဆိုတာ
သိစရာမလိုလောက်အောင်/မသိချင် လောက်အောင် ကျယ်ပြန့်ချင်လွန်းသူတွေဖြစ်ကြတယ် ။
ငါတို့ဆိုတာ ကိုယ့်အခြေခံဥပေဒေကို ကိုယ့်ဘာသာ ကိုယ့်တစ်ယောက်တည်းစီအတွက်
ရေးဆွဲမယ့်(တဲ့) မင်းနဲ့ငါ ပဲ ဖြစ်တယ် ။ ဟုတ်တယ်မို့လား ။ ရယ်ရတယ်မို့လား အက်ရှ်လေ ။
သည်ရက်ပိုင်းအတွင်း စကားတွေအများကြီးပြောဖြစ်တယ် ။
ဆိုတာ သည်လောက်နဲ့မပြီးသေးတာတွေ ပါသေးတယ် ။
ရာသီဥတုက ဖေါက်ပြန်လာတယ် အက်ရှ်လေ!!!
ဒါ ဟိုး လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် ၄ နှစ် ကျော်ကျော်လောက်က(ကျော်ချင်သလောက်ကျော်ကြည့်)
ပြောဖူးတဲ့စကား ကြီးပဲ ။ ဘာဆန်းလဲ ။ လို့ မင်းထင်တယ်လား ။
ထင်ချင်သလိုသာထင် ၊ ပျော်သလိုသာ ထင်လိုက် အက်ရှ်လေ !!!
မင်းသတိထားမိလား ။ သည်ရာသီ နွေ/နေ က အရင်ကလို ပူလောင်ရဆဲပဲ ။ ဗလောင်ဆူ ရဆဲ ။
ရင်ခွင်တိုင်းကိုမြင်ကြည့် ။ တွေ့ပလား ။ အပူငွေ့တွေ တရိပ်ရိပ် ၊ တတိတိ စိုးရိမ်အမှတ်မှာ
တက်ချည် ၊ မြင့်ချည် ။ ရာသီဥတုက အမှန်အကန်ဖေါက်ပြန်နေတယ် အက်ရှ်လေ !!!
ငါတော့ နာဂစ် ၊ ဆူနာမီ ၊ ဟိုအရင်က အတိတ်တစ္ဆေတွေ ၊ ပြီးတော့ အဲ့တာ
အဲ့တာ တွေ ပြီးခဲ့ပြီထင်ထားတာတွေ ကြောက်မိနေတုန်းပဲ ။ ဟိုအရင်တုန်းကလို ။
မီး ဘေး ရှောင် မ လောင် ခင် တား
ဟော သတိပေးချက်အသံတွေကြားပြီ ။ ကြားပြန်ပြီ ။ ကြားရပြန်ပြီ ။ ဟိုအရင်တုန်းကလို ။
ကြား/တား ရဦးမှာပဲ ။ အချိန်ကန့်သတ်ချက် ဘယ်လောက် ဘယ်လောက် မှ ဘယ်ရွေ့ ဘယ်မျှအထိ ။
အက်ရှ်လေ!!!
ငါတော့သည်ရက်ပိုင်းအတွင်း စကားတွေအများကြီးပြောဖြစ်တယ် ။
ဆိုပေမယ့် ဘာမှမလုပ်ဖြစ်ဘူး ။ ဆိုတော့ ဘာမှမလုပ်ချင်ဘူး ။ ဝေလေလေ ။
အက်ရှ်လေ!!!
မင်းကောငါ့လိုလေနေတုန်းပဲလား ။
ငါတော့မင့်လိုလေနေပြီ ။ သည်ရက်ပိုင်းအတွင်း ဘာမှမလုပ်ချင်ဘူး ။ ဆိုတော့ ဘာမှမလုပ်ဖြစ်ဘူး ။
ဆိုပေမယ့် ငါစကားတွေအများကြီးပြောဖြစ်တယ် ။
ဒီမိုကရေစီ ၊ ရွေးကောက်ပွဲ ၊ ဆန်ရှင် ၊ လူ့အခွင့်အရေး ၊ လူတန်းစေ့နေနိုင်ရေး ၊ သမ္မတကြီး ၊ NLD ၊
ကြံ့ဖွံ့ ၊ စသဖြင့် ဘာညာသာရကာတွေ ရေပက်မ၀င်အောင်ပြောဖြစ်တယ် ။
စိတ်ကူးပေါက်လာတာနဲ့ ငါ့အခြေခံဥပဒေကို ငါကိုယ်တိုင်ရေးကြည့်ဆွဲလိုက်တာ
ထင်သလောက် လှမလာဘူး ။ ကမောက်ကမ ။
ငါကငါမဟုတ်တဲ့သူတွေနဲ့အံမ၀င်ခဲ့
စိတ်ပျက်စွာနဲ့ပဲ အဲ့သည်စိတ်ကူးကို လုံးချေလွှင့်ပစ်ခဲ့တယ် ။
ဒါဟာ ငါ့ရဲ့အောင်မြင်မှုပေါ့လို့ ငါဝတ်တစ်စလစ်ကြွေးကြော်မိတာ မင်းသိရင် ရယ်မလား ။
မရယ်နဲ့ အက်ရှ်လေ !!!
မင်းလည်းငါ့လို ရေးဆွဲကြည့်လေ ။ မင်းတစ်ယောက်တည်းရေးဆွဲမယ့် မင့်အတွက်
မင့်ရဲ့အခြေခံဥပဒေဟာလည်း မင်းမဟုတ်တဲ့ငါတို့နဲ့ ပနံသင့်လာမှာမဟုတ်ဘူး ။
အဲ့သည်အခါ မင်းလည်း မင့်ရဲ့စိတ်ကူးကို လုံးချေလွှင့်ပစ်နိုင်အောင်လေ့ကျ
ဒါဟာ ငါ့ရဲ့အောင်မြင်မှုပေါ့လို့ ၀တ်တစ်စလစ်ကြွေးကြော်ပါ ။ ငါ့လိုပဲ ။
ဟားဟားဟား ။
ရယ်ရတယ်မို့လား အက်ရှ်လေ ။
ငါတို့ဟာ ရူးသွပ်မိုက်မဲလွန်းသူတွေပဲ ။
ငါတို့ဟာ မျက်စိတစ်ဆုံးရဲ့ဟိုဘက်မှာ ဘာတွေရှိနိုင်လဲ ဆိုတာ
သိစရာမလိုလောက်အောင်/မသိချင် လောက်အောင် ကျယ်ပြန့်ချင်လွန်းသူတွေဖြစ်ြ
ငါတို့ဆိုတာ ကိုယ့်အခြေခံဥပေဒေကို ကိုယ့်ဘာသာ ကိုယ့်တစ်ယောက်တည်းစီအတွက်
ရေးဆွဲမယ့်(တဲ့) မင်းနဲ့ငါ ပဲ ဖြစ်တယ် ။ ဟုတ်တယ်မို့လား ။ ရယ်ရတယ်မို့လား အက်ရှ်လေ ။
သည်ရက်ပိုင်းအတွင်း စကားတွေအများကြီးပြောဖြစ်တယ် ။
ဆိုတာ သည်လောက်နဲ့မပြီးသေးတာတွေ ပါသေးတယ် ။
ရာသီဥတုက ဖေါက်ပြန်လာတယ် အက်ရှ်လေ!!!
ဒါ ဟိုး လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် ၄ နှစ် ကျော်ကျော်လောက်က(ကျော်ချင်သလော
ပြောဖူးတဲ့စကား ကြီးပဲ ။ ဘာဆန်းလဲ ။ လို့ မင်းထင်တယ်လား ။
ထင်ချင်သလိုသာထင် ၊ ပျော်သလိုသာ ထင်လိုက် အက်ရှ်လေ !!!
မင်းသတိထားမိလား ။ သည်ရာသီ နွေ/နေ က အရင်ကလို ပူလောင်ရဆဲပဲ ။ ဗလောင်ဆူ ရဆဲ ။
ရင်ခွင်တိုင်းကိုမြင်ကြည့် ။ တွေ့ပလား ။ အပူငွေ့တွေ တရိပ်ရိပ် ၊ တတိတိ စိုးရိမ်အမှတ်မှာ
တက်ချည် ၊ မြင့်ချည် ။ ရာသီဥတုက အမှန်အကန်ဖေါက်ပြန်နေတယ် အက်ရှ်လေ !!!
ငါတော့ နာဂစ် ၊ ဆူနာမီ ၊ ဟိုအရင်က အတိတ်တစ္ဆေတွေ ၊ ပြီးတော့ အဲ့တာ
အဲ့တာ တွေ ပြီးခဲ့ပြီထင်ထားတာတွေ ကြောက်မိနေတုန်းပဲ ။ ဟိုအရင်တုန်းကလို ။
မီး ဘေး ရှောင် မ လောင် ခင် တား
ဟော သတိပေးချက်အသံတွေကြားပြီ ။ ကြားပြန်ပြီ ။ ကြားရပြန်ပြီ ။ ဟိုအရင်တုန်းကလို ။
ကြား/တား ရဦးမှာပဲ ။ အချိန်ကန့်သတ်ချက် ဘယ်လောက် ဘယ်လောက် မှ ဘယ်ရွေ့ ဘယ်မျှအထိ ။
အက်ရှ်လေ!!!
ငါတော့သည်ရက်ပိုင်းအတွင်း စကားတွေအများကြီးပြောဖြစ်တယ် ။
ဆိုပေမယ့် ဘာမှမလုပ်ဖြစ်ဘူး ။ ဆိုတော့ ဘာမှမလုပ်ချင်ဘူး ။ ဝေလေလေ ။
အက်ရှ်လေ!!!
မင်းကောငါ့လိုလေနေတုန်းပဲလား ။
No comments:
Post a Comment