ငါတို့
ထိုးတက်ကြမယ့်အမြင့်မှာ
အမိုးထူထူတွေနဲ့ ။
ငါတို့
ဆန့်ထုတ်ကြမယ့်လမ်းတစ်လျှောက်မှာ
နံရံထူထူတွေနဲ့ ။
ငါတို့
လွတ်လပ်မှုက
တစ်ကိုယ်ရည်အခန်းကျဉ်းကျဉ်းလေးထဲမှာ ။
ငါတို့က
ငါတို့မမွှေးတဲ့သမိုင်းရဲ့
ဝဋ်နာ ၊ ကံနာ ၊ နာစရာအထပ်ထပ်နဲ့
ခေတ်ရဲ့သားကောင် ။
ငါတို့ရေးမယ့်သမိုင်းဟာ
လွန်လေပြီးသော ဘာသာစကားတို့ကြား
အကျဉ်းကျ ။
ငါတို့
ရင်ပရ၀ုဏ်အတွင်းကသံစဉ်များစွာ
တစ် ဆို့ ဆွံ့ အ ။
ငါတို့မှာ
ငါတို့နားမလည်နိုင်ခြင်းများစွာ ။
တကယ်တော့
သည်နွေဦးကို ငါတို့မပျိုးခဲ့ကြဘူး ဆို
ပြီးတော့ သည်နွေဦးဟာ ငါတို့ကို ၀ါးမြိုခဲ့လေတယ် ။
ထိုးတက်ကြမယ့်အမြင့်မှာ
အမိုးထူထူတွေနဲ့ ။
ငါတို့
ဆန့်ထုတ်ကြမယ့်လမ်းတစ်လျှောက်မှ
နံရံထူထူတွေနဲ့ ။
ငါတို့
လွတ်လပ်မှုက
တစ်ကိုယ်ရည်အခန်းကျဉ်းကျဉ်းလေး
ငါတို့က
ငါတို့မမွှေးတဲ့သမိုင်းရဲ့
ဝဋ်နာ ၊ ကံနာ ၊ နာစရာအထပ်ထပ်နဲ့
ခေတ်ရဲ့သားကောင် ။
ငါတို့ရေးမယ့်သမိုင်းဟာ
လွန်လေပြီးသော ဘာသာစကားတို့ကြား
အကျဉ်းကျ ။
ငါတို့
ရင်ပရ၀ုဏ်အတွင်းကသံစဉ်များစွာ
တစ် ဆို့ ဆွံ့ အ ။
ငါတို့မှာ
ငါတို့နားမလည်နိုင်ခြင်းများစွာ ။
တကယ်တော့
သည်နွေဦးကို ငါတို့မပျိုးခဲ့ကြဘူး ဆို
ပြီးတော့ သည်နွေဦးဟာ ငါတို့ကို ၀ါးမြိုခဲ့လေတယ် ။
ဒါလေးလည်း ကောင်း
ReplyDelete