Monday, November 19, 2012

သတင်းစကား



ထွေထွေထူးထူးရယ်တော့မဟုတ်ပါဘူး

ဆောင်းအိပ်မက်အကျိုးအပျက်တွေ

မရိတ်သိမ်းဖြစ်သေးဘူးဆိုတဲ့ အကြောင်းပါ စံပယ် ။

ဗလောင်ဆူဝေနေတဲ့ ရင်ငွေ့နဲ့

သွေးအေးတယ်လို့

အမြဲတမ်းအထင်ခံနေရတဲ့ ကောင်

မှိုင်းညို့ရီမှောင်သွားရတဲ့ ဆောင်းမှာ

ပွဲတော်တွေ ဖွေရှာရင်း

ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတာတွေ 


အသံတိတ် ရွာ ရွာကျ 

သည်လိုနှင့် ၊ သည်လိုနှင့်.....

အရှက်တကွဲ  သွေးပျက်သွားခဲ့ရတာတွေ 

ကြေကွဲရပုံများ

ခုတ်ဖြတ်ချခံရပြီးတဲ့အထိ

ကိုယ့်ကိုယ်ကို နတ်နေကိုင်းလို့ထင်နေတုန်း


ငါတို့ ငါ.တို့ ငါ..တို့ ငါ.........တို့

အော်သံဟာ


တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်သွားခဲ့ရပြီပေါ့ 

နေ့တွေ ညတွေလည်း ညို့


လင်းငွေ့ဝေသီချင်စိတ်ကလေးကို


အလိုမတူဘဲ ခေါက်သိမ်းထားလိုက်ရပြီ ။ ခဲရာခဲဆစ် ။


ကိုယ့်ရဲ့ တီးတိုးသဖန်းပိုးထိုးဖော်လေးရေ

ကိုယ်နဲ့ဝေးဝေးမှာ


ပျော်နေပါတယ် သတင်းစကားများကြားတော့


မချိမဆန့်နဲ့ပဲ ပျော်နေလိုက်ရပြန်ပါတယ်ဆိုတဲ့ အကြောင်း  ။ 





2 comments:

  1. စိတ်ထဲက မွန်းကြပ်မှုတစ်ချို့ကို တိုက်တိုက်ဆိုင်ဆိုင် ဖွင့်ဟပေးလိုက်သလိုပဲ ...

    ဒီကဗျာလေး ဖတ်ခွင့်ရလို့ ကျေးဇူးပါပဲ ...(အားပေးလျက်)


    ... ကိုယ်နဲ့ဝေးဝေးမှာ

    ပျော်နေပါတယ် သတင်းစကားများကြားတော့

    မချိမဆန့်နဲ့ပဲ ပျော်နေလိုက်ရပြန်ပါတယ်ဆိုတဲ့ အကြောင်း ... ။ ။

    ReplyDelete
  2. ဟိုဝင် ဒီထွက်ရင်းနဲ့ ကဗျာကောင်းလေးတွေဖတ်ခဲ့ရတယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete