Wednesday, October 24, 2012

ဒွိဟ


အလင်း မစို့တပို့

အမှောင် မကွဲတကွဲမို့

ညီအစ်ကို မောင်နှမမှန်း မသိတသိ

တကယ့်ကို

ကိုယ်တို့က ညီအစ်ကို မောင်နှမတွေလား မသိတသိ

ဟေး

ဟိုးရှေ့မှာ ဘယ်သူတွေလဲ ဘာတွေလဲ

ဘာ / ဘယ်လို တွေ လုပ်နေကြတာလဲ မသဲကွဲ

အရုဏ်ဦးလား နေကွယ်ချိန်လား

ကိုယ့်မှာ

မျက်စေ့ကို မျက်ခြေမပြတ်

ပွတ်သပ်ပေးနေရပေါ့ ။          ။ 


1 comment:

  1. နာလည်း မြင်ရဘူး... အမှောင်က တော်တော်လေးမှောင်နေတယ်
    ဟိုးရှေ့မှာ လာနေတာ ဘူလဲ မသိ.. :D

    ReplyDelete